Thomas Alva Edison

     


     Thomas Alva Edison ကို ၁၈၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက် အမေရိကန်ပြည်ထောင်စု၊အိုဟိုင်းရိုးပြည်နယ်၊မိုင်လန်မြို့မှာ မွေးဖွားခဲ့ပါတယ်။Edisonဟာ တီထွင်သူတစ်ယောက်လည်းဖြစ်သလို စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ကို အမေရိကန်ရဲ့အမြင့်မြတ်ဆုံးသောတီထွင်သူ(American’s the greatest inventor)လို့သတ်မှတ်ထားကြပါတယ်။ 
       သူ့ရဲ့အကြီးမားဆုံးတီထွင်မှု တစ်ခုကိုပြောပါဆိုရင် လူတိုင်းသိကြတဲ့ အလွယ်တကူပြောရရင် လျှပ်စစ်မီးသီး(Electric light bulb)ပဲဖြစ်ပါတယ်။ အခြားသောတီထွင်မှုတွေလည်းရှိပါသေးတယ် The Phonograph၊phonograph ကို ၁၈၇၇ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။ Phonograph ဆိုတာကတော့ အသံတွေကိုဖမ်းယူပြီးပြန်လည်နားထောင်လို့ရတဲ့ စက်ပဲဖြစ်ပါပြီး “Record Player”လို့ခေါ်ကြပါတယ်။ 
       The Motion Picture Camera ကိုတော့ Edison တစ်ယောက်တည်းဖန်တီးခဲ့တာ မဟုတ်ပါဘူး Edison ရဲ့ အဖွဲ့ထဲမှာ သူအပါအဝင်၅ယောက် ဖြစ်ပါတယ်။ သူတို့ရဲ့ ကြိုးစားမှုကြောင့် Camera ကိုဖန်တီးနိုင်ခဲ့မှုတွေက လက်တွေ့ဘဝမှာ ၁၉၈၀ခုနှစ်အလယ်ပိုင်းမှစပြီးအသုံးဝင်တဲ့ ဖန်တီးမှု ဖြစ်လာခဲ့ပါတယ်။ 
        Edison ဟာတီထွင်ဖန်တီးမှုတွေကို ၁၈၇၇ ကနေ၁၉၃၀ ထိ အပြင်းအထန် လုပ်ကိုင်ခဲ့ပါတယ်။Edison ဟာ၁၉၃၁ခုနှစ်အောက်တိုဘာလ ၁၈ရက်အမေရိကန်ပြည်ထောင်စု၊နယူးဂျာစီ၊ဝတ်စ် အောရိန့်ဂျ်(West Orange)အသက် ၈၄ နှစ် မှာကွယ်လွန်ခဲ့ပါတယ်။ 
#NSpecial
#KiloGram
#ThomasAlvaEdison
Source:Wikipedia 
(စာကိုကူးယူဖော်ပြခွင့်မပြုပါ။) 

Comments